Than Htike (GS) Writting Myanmar Book Helping Technology

သန်းထိုက်(ရွှေရိပ်) စာအုပ်များနှင့်ပက်သက်သော ပြဿနာများအတွက် ဖြေရှင်းနည်းများ

ပြဿနာရှိလျှင်မေးမြန်းပါ

စာအုပ်ပါစီဒီများနှင့်ပက်သက်၍

စာရေးသူစာအုပ်နှင့်အတူပါရှိတဲ့ CD, DVD တွေအချို့ဟာ ကူးယူစဉ်ပြဿနာ အနည်းငယ်ကြောင့် ဖွင့်မရတာတွေဖြစ်တတ်ပါတယ်။
အများအားဖြင့် စမ်းသပ်စစ်ဆေးပြီးသော CD များသာဖြစ်တာကြောင့် စက်ကိုလည်း အဆင့်မှီမမှီ စမ်းစစ်သင့်ပါတယ်။
စာဖတ်သူ ကွန်ပျူတာပြဿနာကြောင့်မဟုတ်ပဲ CD, DVD ကြောင့်ဆိုလျှင် ၀ယ်ယူခဲ့သောစာအုပ်ဆိုင်၊ ဒါမှမဟုတ် မျက်ပွင့်စာပေတိုက်တွင် ပြန်လည် လှဲလှယ်နိုင်ပါတယ်။

ကွန်ပျူတာဖြင့်ပုံဖော်ရေးဆွဲနည်းစာအုပ် Install ပြဿနာ

Corel X3 ကွန်ပျူတာဖြင့်ပုံဖော်ရေးဆွဲနည်းစာအုပ်တွင် Software Install လုပ်စဉ် Active တွင်ပြဿနာအနည်းငယ်ရှိနေပါတယ်။ စာမျက်နှာ ၁၄၃ ပထမပိုဒ်ပုံတွင် Buy Now ကိုနှိပ်ကိုညွှန်းဆိုထားသည်မှာ လိုင်စင်ဗားရှင်းအတွက်ဖြစ်လို့ စာဖတ်သူများနှင့်အဆင်အပြေပါ။ ထိုနေရာမှ Already Purchased Button ကိုသာနှိပ်ရပါမယ်။ စာရေးသူပေးထားသော Software မှာလိုင်စင်သွင်းထားပြီးဖြစ်လို့ပါ။

အသုံးချဗွီဒီယိုတည်းဖြတ်နည်းပညာစာအုပ် Install ပြဿနာ

Corel Video Edit Prox3 အတွက်လိုအပ်သောကွန်ပျူတာစနစ် CPU - Pentium 2.0 အထက် (Celeron မရပါ) Dual Core, Core2, RAM - 1 GB အထက် Graphic Card - 512 MB အထက် Harddisk Space - Free 20 GB အထက် Windows -vista or 7 (Win XP တွင်မရပါ)
အထက်ပါလိုအပ်ချက်များနှင့်မပြည့်စုံလျှင်စက်မတတ်နိုင်ပါ ပြည့်စုံလျှက်နှင့်သွင်းမရလျှင် DVD အတွင်းမှ Corel ProX3 Folder တစ်ခုလုံးကို ကူးယူပြီး C: အောက်မှထည့်ကာ Install လုပ်ပါ။
စာရေးသူစမ်းသပ်ထားသည်မှာအဆင်ပြေပါတယ်။
အရမ်းခက်ခဲနေပါက နီးစပ်ရာစီဒီအရောင်းဆိုင်မှာအလွယ်တကူမေးမြန်းဝယ်ယူနိုင်ပါတယ်။

ကွန်ပျူတာရောဂါများနှင့်ကာကွယ်ဆေး စာအုပ်မှ

စာရေးသူထံ Virus Program Code များတောင်းခံလာပါတယ်။ စာရေးသူအနေဖြင့် မပေးနိုင်သည်ကို တောင်းပန်ပါတယ်။ သင်တန်းများတွင်လည်း သင်ကြားခြင်းမရှိပါဘူး။
စာဖတ်သူများတွေ့ကြုံရမည့် Virus ကိုကြိုတင်မသိတဲ့အတွက် အကောင်းဆုံး ဖြေရှင်းနည်းတွေကို Virus အတော်များများမှာ အသုံးချတိုက်ဖျက်နိုင်ဖို့ ပြုစုပေးထားပါတယ်။
 
မြန်မာဘာသာနည်းပညာစာအုပ်များထုတ်ဝေမှု Myanmar Technology Help