Than Htike (GS) Writting Myanmar Book Helping Technology

စုံစီနဖာနည်းပညာဆိုင်ရာသိသင့်စရာများ

ယခုကဏ္ဍလေးဖြစ်ပေါ်လာရတဲ့အကြောင်းရင်းဆန္ဒကိုဦးစွာပြောပြလိုပါတယ်။ ကျွန်တော်သိထားတာတွေ ရှိသမျှအကုန်မဟုတ်တောင် အများအတွက်အသုံးဝင်မယ့် ကိစ္စလေးတွေကို ချပြအသိပေးချင်ပါတယ်။

ဒါ့ကြောင့်ယခုကဏ္ဍလေးကိုဖော်ထုတ်ရတာပါ။ ကျွန်တော့်အတွက်အချိန်ဆိုတာအရမ်းနဲပါတယ်။ ယခုလို Blog တစ်ခု ဖြစ်တည်လာဖို့တောင်မလွယ်ကူပါဘူး။ အိမ်မကပ်တဲ့သူတွေအတွက်ကတော့ လိုင်းပေါ်မှာတွေ့ရတာ အကောင်းဆုံးဖြစ်မှာပါ။


စုံစီနဖာ အမှတ်(၁)

 ပထမဆုံး Command Prompt အကြောင်းသိတာလေးတွေချပြပါ့မယ်။
Command Prompt ကို တစ်ချိန်က DOS (Disk Operation System) လို့လူသိများကြပါတယ်။ ယခုအချိန်မှာတော့ ရတနာစိန်ထုပ်ကျပျောက်ရသလို တန်ဖိုးရှိအရာတစ်ခု နည်းပညာလောကမှာ တိမ်ကောလာပါတယ်။
ကျွန်တော့တို့ခေတ်အချိန်က “DOS မှမတတ်လျှင်လူရာမ၀င်“ဟုပင်ဆိုကြပါတယ်။ ယခုပြန်လည်သိရှိအသုံးပြုကြဖို့လိုလာပါပြီ။
ဆက်လက်ရှင်းပြပါ့မယ်

Command Prompt ကိုအသုံးချလေ့လာခြင်း

        စာဖတ်သူ အနေနဲ့ DOS ဆိုတဲ့ မျက်နှာပြင် အမည်းကြီးပေါ်မှာ စာကြောင်းတွေနဲ့ ခိုင်းစေတာမျိုး မြင်ဖူးမှာပါ။ ဟိုတစ်ချိန်ကတော့ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ယခုလည်း မေ့ပစ်လို့မရအောင် အသုံးဝင်မှုများစွာနဲ့ တစ်ကျော့ပြန်အသက်ရှင်နေပါတယ်။

       Virus File တွေကိုထောက်လှမ်းနိုင်တယ်။ ချေမှုန်းနိုင်တယ်။ စာရေးသူ ကတော့ Virus ကိုက်လို့လာပြသမျှ ကွန်ပျူတာတွေ၊ Media Drive တွေအားလုံးကို Command Prompt နှင့်သာဖြေရှင်းခဲ့ပါတယ်။ အကောင်းဆုံး မဖြစ်တောင် အဆိုးဆုံးမဟုတ်ပါဘူး။

        စာဖတ်သူကိုယ်တိုင် မည်သည့် Virus မဆို ၇၅ ရာခိုင်နှုန်းလောက်ကို နှိမ်နင်းနိုင်ပါလိမ့်မယ်။ လက်တွေ့သုံးများကို အဆင့်လိုက်ရှင်းပြထားပါတယ်။ ကွန်ပျူတာအခြေခံရှိသည်နှင့်အသုံးပြုနိုင်ပါတယ်။


 

သုံးနိုင်ဖို့ရာ သိထားစရာများ

       DOS ကိုယခုခေတ်သုံး Window များနှင့်ဆိုလျှင် နေရာနှစ်ခုမှ ခေါ်ယူနိုင်ပါတယ်။ စာဖတ်သူ ကွန်ပျူတာဟာ Window XP ဒါမှမဟုတ် Window 7 ဖြစ်မယ်ဆိုပါတော့။ Start မှ Run တွင် cmd လို့ရိုက်ထည့်ပြီး ခေါ်ယူနိုင်ပါတယ်။

        နောက်တစ်နေရာကတော့ Safe Mode မှခေါ်ယူနိုင်ပါတယ်။ Window တက်တက်ခြင်း F8 key ကိုနှိပ်နေခြင်းဖြင့် Window Advanced Option Menu ပေါ်လာတဲ့အခါ Save Mode With Command Prompt မှဝင်ရောက် သုံးနိုင်ပါတယ်။   မမ မှဝင်ရောက်ခြင်းကို သာမန်သုံးသူတို့အတွက် စာလေးမှာစိုး၍ မရှင်းပြတော့ပါ။

        ပထမဦးစွာစာဖတ်သူသိထားရမည်မှာ Drive တွေအကြောင်းဖြစ်ပါတယ်။ Drive တွေကိုစာဖတ်သူ စီစဉ်ထားသည့်အတိုင်း အစဉ်လိုက်ရှိနေမှာပါ။ ဟိုယခင် သုံးခဲ့တဲ့ Floppy Drive အတွက် ကွန်ပျူတာက Drive အမည်ကိုအမြဲ A; B; ပေးထားပါတယ်။ ဒါကြောင့်စာဖတ်သူက A; B; ကိုမေ့ထားလိုက်ပါ။

        Harddisk Drive ကို Drive Partition ပိုင်းသည့်အပေါ်မူတည်ပြီး Drive Name တွေသတ်မှတ်ထားပါတယ်။ သုံးပိုင်းပိုင်းလျှင် C; D; E; ပေါ့ ။အမြဲ C: ကစပေးပါတယ်။ DC, DVD, Drive တွေတပ်ထားလျှင် Harddisk နောက်မှအမည် ဆက်လက်ပေးပါတယ်။ တစ်ခါတစ်ရံ CD, DVD အမည်တွေဟာ Harddisk ကြားထဲရောက်နေတတ်ပါတယ်။ Window တင်ပြီးမှ Partition ပြန်ပို်င်းတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒါဆို DVD Drive ကို F: လို့ယာယီ သတ်မှတ်လိုက်ပါမယ်။

        ထိုအခါ USB Port မှ ထပ်မံတပ်ဆင်မဲ့ Drive တွေဟာ F; G; H: တွေသာအစဉ်လိုက် ဖြစ်လာပါလိမ့်မယ်။ ဒါလောက်ကိုတော့ စာဖတ်သူ သိထားပြီးထင်ပါတယ်။

 

USB Drive အတွင်းမှ Virus ကိုရှာဖွေရှင်းလင်းခြင်း

        စာဖတ်သူအတွက် USB Stick အပါအ၀င် USB Port မှာတပ်ဆင်မဲ့ Media Drive တွေမှာ Virus တွေပါလာလို့ ရှာဖွေရှင်းလင်းဖို့ လိုတဲ့အခါ အလွယ်ကူဆုံး နည်းလမ်းတွေနဲ့ ၀င်ရောက်ရှင်းလင်းပါ့မယ်။

        ပထမဦးစွာ စာဖတ်သူ ကွန်ပျူတာကို Auto Play မတက်အောင် လုပ်ထားဖို့ လိုပါတယ်။ ဒါမှမဟုတ် AutoRun Killer Program ထည့်ပြီးသားဖြစ် သင့်ပါတယ်။

        USB Port တွင် USB Stick ကိုတပ်ဆင်လိုက်ပါက။ (ဥပမာအနေနှင့် USB Memory Stick ကိုသုံးပြထားပါတယ်) AutoRun ကိုပိတ်ပြီးသားဖြစ်လို့ Auto Play တက်မလာပါ။

        Start => Run တွင် cmd လို့ထည့်သွင်းပြီး Enter Key ခေါက်လိုက်ပါ။ Command Prompt Program ပွင့်လာပါလိမ့်မယ်။

        C:\Document and Settings\user name>

        လို့ဖော်ပြထားတဲ့အတွက် Drive C: အောက်ကိုတိုက်ရိုက်သွားရန် > နောက်မှ cd\ လို့ထည့်ပြီးခေါက်ပါ။ C:\> လို့ပြောင်းသွားပါ့မယ်။ Document and Settings တွေ၊ User name တွေကိုဖြုတ်လိုက်တာပါ။ စာဖတ်သူ  မှတ်ထားလိုက်ပါ။ cd\ ဆိုတာ Drive Letter ကိုတိုက်ရိုက်သွားတာပါ။ လက်ရှိ စာရေးသူ ကွန်ပျူတာမှာ Harddisk ကို Partition လေးပိုင်း ပိုင်းထားတာကြောင့် C; D; E; F: နှင့် DVD Drive တစ်လုံးပါရှိပါသဖြင့် G: တစ်ခုရထားပြီဖြစ်လို့ USB Media Drive တွေကို H: ကစပြီးသတ်မှတ်ပါတယ်။

        C:\>dir h:\a

        လို့ရိုက်လိုက်ပါ။ အတွင်းရှိသမျှ ဖိုင်တွေကို ဖွက်ထား၊ ဖျောက်ထားပေမယ့် တွေ့မြင်ရပါမယ်။ ဒါကတော့ \a ကြောင့်ဖြစ်ပါတယ်။ မြင်ရပေမယ့် မဖျက်နိုင်သေးပါဘူး။ အတော်များများဟာ ၎င်းတို့ဖိုင်များကို အလွယ်တကူ မဖျက်နိုင်ရန် နည်းမျိုးစုံစီစဉ်ထားပါတယ်။ ထိုအထဲမှာ ယခုကဏ္ဍနှင့် သက်ဆိုင် တာကတော့ System, Hidden, ReadOnly များလုပ်ထားခြင်းပါ။

        System အဖြစ်သတ်မှတ်ထားတဲ့အတွက် ရွှေ့ခွင့်၊ ဖျက်ခွင့်မရှိပါဘူး။ Hidden လုပ်ထားတဲ့အတွက် မြင်ကွင်းမှာရှိမနေပါဘူး။ ReadOnly သတ်မှတ်လိုက်တော့ ပြင်ဆင်ခွင့်မရပြန်ပါဘူး။

        ဒါတွေကိုပြန်ဖြုတ်မှသာ Virus File ကိုဖျက်နိုင်မှာပါ။ ပြန်ဖြုတ်ရမယ့် Key Word ကတော့ Attribute ဖြစ်ပါတယ်။ Command Key အတိုက attrib ဖြစ်လို့ ဒီလိုရိုက်လိုက်ပါ။

        C:>attrib h:\*.* -s-r-h

        C:>attrib h:\*.inf-s-r-h

        C:>attrib h:\*.exe-s-r-h

        *.* ကတော့ ရှိသမျှမည်သည့်ဖိုင်ပုံစံမဆို အားလုံးကိုပြောလိုက်တာပါ။

-s-r-h က System ,Hidden, ReadOnly တွေကိုဖြုတ်လိုက်တာပါ။ *.inf ကတော့ရှိသမျှ AutoRun ဖိုင်များကို ပြင်ဆင်စေတာပါ။ *.exe ကလည်းအလားတူပါပဲ ရှိသမျှ exe ဖိုင်တွေကိုပြောင်းလဲတာပါပဲ။ စာဖတ်သူ အနေနဲ့ခေါ်ကြည့်တဲ့အခါ အခြားသောဖိုင်ပုံစံများဖြင့် ရှိခဲ့လျှင်လည်း  *.နောက်မှာဖြည့်သွင်းထည့်နိုင်ပါတယ်။ *.* ဟာ Externel Command မှာတော့ အားသိပ်မကောင်းတဲ့အတွက် တခါတရံတစ်ချို့ ဖိုင်တွေကို သီးသန့်ခွဲပြောပေးဖို့ လိုတတ်ပါတယ်။

        ဒါဆိုစာဖတ်သူ ဘယ်ဖိုင်ကိုဖျက်မှာလဲရွေးနိုင်ပါပြီ။ ဖျက်ရမယ့် Command ကတော့ Del ဖြစ်ပါတယ်။ အားလုံးကိုခြုံပြီး အစမှအဆုံး Command များကို ဖော်ပြရလျှင်-

 

        C:\Document and Settings\Username>cd\

        C:\>

 

        C:\>dir h:\a

        Autorun.inf

        Virusname.exe

        Other file and Folder -----------

       

        C:\>attrib h:\*.* -s-r-h

 

        C:\>del h:\autorun.inf

        C:\>del h:\virusname.exe

        ဒီလောက်ဆိုလျှင် စာဖတ်သူဖြေရှင်းနိုင်ပြီထင်ပါတယ်။ သတိထား ရမှာကတော့ ဖျက်တဲ့အခါ *.* မသုံးသင့်ပါ။ အားလုံးကိုဖျက်ခိုင်းတာ ဖြစ်နေတဲ့ အတွက် စာဖတ်သူအတွက် အခြားအရေးကြီး ဖိုင်များပါ ဖျက်လိုက်တဲ့ ထဲပါသွား မှာပါ။ စာဖတ်သူအနေနဲ့ ဓာတ်ပုံတွေရိုက်ထားပြီး ပုံတွေမမြင်ရတဲ့အခါ C:\>attrib h:\*.* -h သုံးလျှင်ပြန်လည်တွေ့မြင်နိုင်ပါပြီ။

 

မြန်မာဘာသာနည်းပညာစာအုပ်များထုတ်ဝေမှု Myanmar Technology Help